Who is he?

ငယ်ငယ်တုန်းကပါ

စကားမှာ

ရတဲ့အချိန်ကို အကြိုးရှိရှိအသုံးချကြပါ facebook တို့ gtalk တို့နဲ့ အချိန်မကုန်သင့်တော့ပါဘူး

စကားမှာ

ရတဲ့အချိန်ကို အကြိုးရှိရှိအသုံးချကြပါ facebook တို့ gtalk တို့နဲ့ အချိန်မကုန်သင့်တော့ပါဘူး

စကားမှာ

ရတဲ့အချိန်ကို အကြိုးရှိရှိအသုံးချကြပါ facebook တို့ gtalk တို့နဲ့ အချိန်မကုန်သင့်တော့ပါဘူး

စကားမှာ

ရတဲ့အချိန်ကို အကြိုးရှိရှိအသုံးချကြပါ facebook တို့ gtalk တို့နဲ့ အချိန်မကုန်သင့်တော့ပါဘူး

Sunday, December 9, 2012

About Clonezilla

Clonezilla ဆိုတာက ကွန်ပျူတာ တစ်လုံးမှာ Install လုပ်ထားတဲ့ Software တွေ အကုန်လုံးကို နောက်ထပ်အခြား ကွန်ပျူတာတစ်လုံးရဲ့ Harddisk ထဲသို့ အချိန်တစ်ခဏအတွင်းမှာတင် အဆင်သင့် အသုံးပြုနိုင် အောင် လွယ်လွယ်ကူကူ လုပ်ဆောင်ပေးနိုင်တဲ့ Software တစ်ခုပဲ ဖြစ်ပါ တယ်။ အရင်တုန်းက အင်တာနက်ဆိုင်တွေမှာ အများဆုံးအသုံးပြုတဲ့ Clone ရိုက်တဲ့ Software ဖြစ်တဲ့ Norton Ghost နဲ့ ဆင်တူပါတယ်။ clonezilla ကို အသုံးပြုတဲ့ နေရာမှာ 2 မျိုး2စား အသုံးပြုနိုင်ပါတယ်။ အဲဒါတွေကတော့ စက်တစ်လုံးကို Master တစ်လုံးအနေနဲ့ထား၊ backup လုပ်ပြီး နောက်တစ် လုံးမှာ ပြန်ပြီး Clone ပွားတဲ့ Clonezilla Live နည်းနဲ့ စက်တစ်လုံးကို Master တစ်လုံး အနေနဲ့ ပြင်ဆင်ပြီးတော့ နောက်ထပ်ကွန်ပျူတာ 41 ခန့် လုံးကို တပြိုင်နက်တည်း Clone ပွားနိုင်တဲ့Server edition လို့ခေါ်တဲ့ Clonezilla SE ပဲ ဖြစ်ပါတယ်။ Clonezilla နှစ်မျိုးရှိသည့်အထဲမှ Clonezilla live ကတော့ စက်တစ်လုံးစီကို Clone ပွားရတာအဆင်ပြေတယ်။ Clonezilla SE လို့ခေါ်တဲ့ Server addition ကတော့ စက်တွေအများကြီးကို Clone ပွားရတာ အဆင် ပြေတယ်။
ဒီလမှာ ဖော်ပြပေးမယ့် နည်းကတော့ အသုံးများပြီး လွယ်ကူတဲ့ Clonezilla Live နည်းကို ဖော်ပြပေးသွားပါမယ်။ ပထမဆုံး ဒီ Clonezilla ကို သုံးဖို့အတွက် လိုအပ်တဲ့ File ကို စတင်ပြီး Download အရင်လုပ်ပါမယ်။အင်တာနက် ကွန်နက်ရှင်မရှိတဲ့ သူတွေအတွက်လည်း အဆင်ပြေနိုင်စေဖို့ အတွက် မေတ္တာလက်ဆောင်အဖြစ် software ကို စာအုပ်နဲ့အတူပါတဲ့ CD ထဲမှာ တစ်ခါတည်း ထည့်ပေးထားလိုက်ပါတယ်။ Download လုပ်ပြီး ကိုယ်တိုင်ကိုယ်ကျ အင်တာနက်မှာ ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ထပ်ပြီး ရှာဖွေချင်တယ်ဆိုရင်တော့ http://clonezilla.org/downloads/stable/iso-zip-files.php မှာ Download ဆွဲနိုင်ပြီး http://clonezilla.org မှာ အသေးစိတ် ထပ်ဖတ်နိုင်ပါသေးတယ်။
အခု အသုံးပြုပုံ အသေးစိတ်ကို တင်ပြပေးသွားပါမယ်။ ပထမဆုံး Image Iso ကို CD ထဲမှာ Burn လိုက်ပါမယ်။ CD မသုံးဘဲ USB stick နဲ့အသုံးပြုချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒီမှာတော့ CDနဲ့ သုံး တာကို ဥပမာအနေနဲ့ ပြသွားပေးပါမယ်။ CD အဆင်သင့်ရှိပြီဆိုရင် စတင် အသုံးပြုလို့ ရပါပြီ။ စတင်အသုံးပြုဖို့အတွက် Harddisk 2 လုံးကို သက်ဆိုင် ရာ SATA မှာ အသီးသီး တပ်ဆင်လိုက်ပါမယ်။ Master Harddisk ကို SATA 1 မှာတပ်လိုက်မယ်။ Clone ပွားမယ့် Harddisk ကို SATA 2,3,4 ကြိုက် နှစ်သက်ရာ SATA မှာ တပ်နိုင်ပါတယ်။ ပြီးရင် CD Drive ထဲကို CD ထည့်ပါ။ SATA (a) မှာ Master Harddisk ကိုတွေ့ရပြီး SATA(b) မှာ Clone Harddisk ကို မြင်ရလိမ့်မယ်။ တနည်းအားဖြင့် sda မှာ 1st Disk ကို မြင်ရမှာ ဖြစ်ပြီး sdb မှာတော့ 2nd Disk ကို မြင်ရပါလိမ့်မယ်။ Window တက်လာပြီးဆိုရင် Window ကို CD ကနေ Boot တက်ဖို့ကို မမေ့ပါနဲ့။ တကယ်လို့ Memory Stick, USB stick တွေကနေ clonezilla live ကို တင်ချင်တယ်ဆိုရင်တော့ USB-HDD or USB-ZIP ရွေးပေးပါ။ အခု ဒီမှာတော့ CD ကနေ Boot တက်မှာ ဖြစ်တဲ့အတွက် CD-Room Drive ကို ရွေးပေးပါ။ ဒါဆိုရင် CD ကနေ Boot တက်လာပါလိမ့်မယ်။ CD-Room Drive ကနေ Boot တက်ပုံတက်နည်းကို အောက်ပါအတိုင်း မြင်ရပါလိမ့်မယ်။

Window ရဲ့ hotkey တွေဖြစ်တဲ့ F9,ဒါမှမဟုတ် F12 ကို နှိပ်လိုက် ပါက Bios ရဲ့ Boot Menu တွေကို အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်။ အဲဒီထဲကနေ CD-Rom Drive ကို choice လုပ်ပေးလိုက်ပါ။

CD-Rom Drive ကနေ Clonezilla CD Boot တက်လာပြီး Clonezilla Data တွေ Auto active ဖြစ်လာပုံကို တွေ့ရပါလိမ့်မယ်။
ပထမ အပေါ်ဆုံးက setting ကတော့ Clonezilla Live ရဲ့ default mode ပဲ ဖြစ်ပါတယ်။ Resolution 800 x 600 က default အနေနဲ့ ရှိနေပါ လိမ့်မယ်။ တခြား Mode ဖြစ်တဲ့ Resolution 1024 x 768 ဒါမှမဟုတ် 640 x 480 တွေကို ရွေးချယ်ချင်ရင်လည်း ရွေးချယ်လို့ ရပါတယ်။ Reso-lution အမျိုးမျိုးကို အောက်ပါအတိုင်း တွေ့မြင်ရပါလိမ့်မယ်။

အခု နောက်တစ်ဆင့် အတွက် Enter ကို နှိပ်လိုက်ပါက booting process ကို မြင်ရမှာ ဖြစ်ပါတယ်။ booting process လုပ်နိုင်ဖို့အတွက် clonezilla live menu ကို Enter ခေါက်လိုက်ပါက မြင်ရမယ့် မြင်ကွင်း ဖြစ်တဲ့ booting process ပုံစံ မြင်ကွင်းကိုတွေ့ရမှာ ဖြစ်ပါတယ်။
ဒုတိယ အဆင့်အနေနဲ့ ကိုယ့်သုံးစွဲမယ့် Language ကိုရွေးပေးရပါ မယ်။ ဒီမြန်မာနိုင်ငံမှာတော့ အားလုံးသုံးစွဲနေကျဖြစ်တဲ့ US English Language ကို ရွေးပြီး နောက်တစ်ဆင့်သွားဖို့အတွက် Enter Key ကို နှိပ်လိုက်ပါမယ်။ US English Language ကို ရွေးထားတဲ့ အနေအထားကို အောက်ပုံအတိုင်း တွေ့မြင်ရပါလိမ့်မယ်။

တတိယအဆင့်အနေနဲ့ Keyboard Selection ကို ရွေးပေးရမှာ ဖြစ် ပါတယ်။ Default keyboard layout ကတော့ US keyboard ပဲ ဖြစ်ပါတယ်။ ဒီတိုင်း Enter တန်းခေါက်သွားလို့ ရပါတယ်။ Don’t touch keymap ကို တိုက်ရိုက် ရွေးချယ်ပေးပြီးသား ဖြစ်နေပါလိမ့်မယ်။ အဲဒါကြောင့် Keyboard Selection အနေနဲ့ Don’t touch keymap ကို ရွေးပေးပြီး နောက်တစ်ဆင့် ကို ထပ်မံသွားလို့ ရပါတယ်။ Keyboard Selection ရွေးရမယ့်အနေအထား ကို တွေ့ရပါမယ်။
အခုထပ်မံပြီး Clonezilla ကို စတင် run ပေးဖို့အတွက် start_clon-ezilla Start clonezilla ကို ရွေးပါမယ်။ နောက်တစ်ဆင့်ကို ထပ်သွားပါဦးမယ်။ start_clonezilla Start clonezilla ကို run မယ့် အနေအထားတဲ့အတွက် အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။

နောက်တစ်ဆင့် အနေနဲ့ device – image လုပ်ချင်တာဖြစ်တဲ့ အတွက် device – image work with disks or partitions using images ကို ရွေးပေးလိုက်ပါမယ်။
နောက်တစ်ဆင့်အနေနဲ့ “local_dev” ကို ရွေးချယ်ပေး လိုက်ပါမယ်။ ဒါကတော့ Clone မပွားခင် ကိုယ့်ရဲ့Clonezilla Image ကိုဘယ်က Read လုပ်ပြီးဘယ်နေရာမှာ Save လုပ်မလဲဆိုတာကို သတ်မှတ်ပေးဖို့အတွက်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် Local Device ဖြစ်တဲ့ local_Dev Use Local dev (E.g. : hard drive, USB drive) ကိုပဲ အောက်ကပုံအတိုင်း Choiceလုပ်၊ Enter ခေါက်ပြီး နောက်တဆင့်ကိုသွားပါမယ်။

နောက်တစ်ဆင့်တွင် sdb1 မှာ image ရိုက်ဖို့အတွက် “savedisk” option ကို ရွေးပေးလိုက်ပါက disk အသုံးပြုတဲ့ ပမာဏ Usage ကို clone-zilla က ဖော်ပြပေးတဲ့ ပုံကို တွေ့ရပါလိမ့်မယ်။

နောက်တစ်ဆင့်မှာတော့ default options အနေနဲ့ သွားမယ့် Begin-ner mode ကိုပဲ ရွေးပြီး Enter ခေါက်လိုက်ပါမယ်။ ဒီလိုမှ မဟုတ်ဘဲ Expert Mode အနေနဲ့ သွားချင်တယ်ဆိုရင်တော့ အသေးစိတ် အချက်အလက် တွေကို choice လုပ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိပါလိမ့်မယ်။ အခုကတော့ လွယ်လွယ်ကူကူ Beginner mode နဲ့ပဲ သွားလိုက်ပါမယ်။

Beginner Mode နဲ့သွားပြီး နောက်ထပ် savedisk” option ကို ရွေးပေးလိုက်ပါ။
အခုထပ်ပြီးတော့ Image Name ကို ရိုက်ထည့်ပြီးတော့ source disk ကို ရွေးပေးရမှာ ဖြစ်ပါတယ်။Clonezilla က date and time ကို အခြေခံပြီး တော့ Image file တစ်ခုကို အဆင်သင့် ထုတ်ပေးထားတာ ရှိပါတယ်။ အဲဒါကို ရွေးပြီးတော့ Enter key သုံးရင်ရပါပြီ။ နောက်ထပ်ကိုယ် save လုပ်ချင်တဲ့ sda disk ကို ရွေးပေးပါ။

Clonezilla က image file တွေကို တိုက်ရိုက် Command ပေးနိုင်ပါတယ်။ Clonezilla Live ကိုသုံးပြီတော့ Harddisk တွေကို Clone ပွားရတာ Auto command တွေ အဆင်သင့်ပါပြီသား ဖြစ်တဲ့အတွက် အသုံးပြုရတာ လွယ်ကူမြန်ဆန် စေပါတယ်။ Commandရေးပြီး sda disk ခွဲထားပြီးသား အနေအထားကိုအောက်ပါအတိုင်း မြင်ရပါလိမ့်မယ်။

နောက်ထပ် တဆင့်အနေနဲ့ကတော့ Clonezilla ကို Disk Image မပွားခင် ရှေ့က Step တွေကို ပြန်လည်ပြင်ဆင်ချင်ပါက No ကနေ n ကိုရိုက်ပြီး Enter နှိပ်နိုင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ရှေ့ဆက်သွားမယ် ဆိုရင်လဲ y ကိုရိုက်ပြီး Enter နှိပ်နိုင်ပါတယ်။ အခုတော့ ဘာမှထပ်ပြီး ပြင်ဆင်စရာ မရှိတဲ့အတွက် y ကိုရိုက်ပြီး Enter နဲ့ပဲ နောက်တစ်ဆင့်ကို ထပ်သွားလိုက် ပါဦးမယ်။

Yes နှိပ်လိုက်ပါက Clonezilla live က Harddisk ကို Clone ပွားနေပါ လိမ့်မယ်။ Master Harddisk မှ Otherharddisk ကို Clone ပွားရန်အချိန် 20 Minutes လောက် စောင့်ရပါတယ်။ 100%ပြည့်သွားပြီဆိုလျှင် clone ပွားတာ ပြီးသွားပါပြီ ။ အကုန်ပြီးသွားပြီး ဖြစ်လို့ Harddisk ကို လဲ ဖြုတ်လို့ ရပါပြီ။
Powreroff လုပ်ချင်ရင် 0 ရိုက်ပြီး enter နှိပ်လိုက်ပါ။
Reboot လုပ်ချင်ရင် 1 ရိုက်ပြီး enter နှိပ်လိုက်ပါ။
Enter command line prompt လုပ်ချင်ရင် 2 ရိုက်ပြီး enter နှိပ် လိုက်ပါ။
Start over လုပ်ချင်ရင် 3 ရိုက်ပြီး enter နှိပ်လိုက်ပါ။
အခု ဒီမှာတော့ Poweroff လုပ်ပြီး Harddisk ကို ဖြုတ်မှာ ဖြစ်တဲ့ အတွက် 0 ကို နှိပ်ပြီး Enter နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ပြီးပါပြီ။ စက် Poweroff ဖြစ်သွားပါက Harddisk ကို ဖြုတ်လိုက်ပါ။ ပြီးလျှင် သက်ဆိုင်ရာ စက်မှာ Harddisk ကို တပ်ဆင်ပြီးတော့ စတင်အသုံးပြုနိုင်ပါပြီ။ Demon-istration ကိုတော့ လေ့လာနိုင်အောင် အောက်ကပုံမှာ ပြထားပေးပါတယ်။

Clonezilla ဟာ အင်တာနက်ဆိုင်တွေ၊ ရုံးခန်းတွေမှာ အလွန် အသုံးဝင်လှတဲ့ နည်းတစ်နည်းပဲ ဖြစ်ပါတယ်။ စမ်းသုံးကြည့်လို့ အခက်အခဲ တစ်စုံတရာ တွေ့ပြီး အဆင်မပြေဖြစ်ခဲ့ရင် ပြန်လည်မေးမြန်းနိုင်ပါတယ်။ တတ်နိုင်သမျှ အရှင်းဆုံးပုံစံဖြစ်အောင် တင်ပြပေးထားပါတယ်။
စုကြည်ထွေး

http://www.knowledgebridge.net/index.php?option=com_content&view=article&id=581:internet-clonezilla&catid=53:applications&Itemid=119 သွားကြည့်နိုင်ပါတယ်

Friday, October 19, 2012

avast Avast Internet Security with key

avast  Avast Internet Security လေးပါ သုံးဖူးတဲ့သူတွေရှိရင် ရှိပေလိမ့်မယ်။Kaspersky နဲ့စာရင် ပေါ့ပေါ့ပါးပါးလေးသုံးနိုင်ပါတယ်။စွမ်းဆာင်ချက်တွေကတော့ သိပ်ပြီးမကွာလှပါဘူး။ကျွှန်တော်ကတော့ ကြိုက်တယ်။

advast download
                                                             
Key download


Sunday, October 14, 2012

No. 38 ,1st street ,Bahan Township,Yangon (currently)
Naung ga lar pan tain ywar, thaton township, Monstate, Myanmar (permanent resident)
Email: san.sanwin.win89@gmail.com
Ph     :01-380897